အမြို့မြို့အနယ်နယ်သတင်းများ

Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့ထိ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
Apr 12,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ     အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှ စတင်၍   အားကစားနည်း (၄) မျိုးကို  ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာနိုင်ငံအပူဆုံးလများဖြစ်သည့် ဧပြီ၊ မေလများ ယခုနှစ် နွေရာသီတွင် အပူရှိန်မြင့်မား၍ ရေပြတ်လပ်မှုများနှင့် အခြားကျန်းမာရေးဆိုင်ရာများလည်း ကြုံတွေ့ခဲ့ကြရာ အပူဒဏ်ကို အကြောင်းအမျိုးမျိုးဖြင့် ကာကွယ်ခဲ့ပြီး နှီးချောဖျာ၊ ဝါးချောဖျာ၊ သင်ဖြူးဖျာများ အစားထိုးသုံးစွဲလာကြပြီး အပြင်ထွက်သည့်အခါ လူကြီးကလေး အပူဒဏ်ကာကွယ်နိုင်စေရန် ထီး၊ ဝါးကပ်ဦးထုပ်၊ ကြိမ်ဦးထုပ်၊ ဂျုံရိုးဦးထုပ်၊ ချည်ဦးထုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရသည်။
Apr 12,2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၈ ရက်ကြာဖွင့်လှစ်သွားမည့် (ဒုတိယ)အကြိမ် မဟာသင်္ကြန်ကာလ မဟာစည် ဝိပဿနာအထူးတရားစခန်းကို ယမန်နေ့နံနက် (၉) နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရှိ ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် အလွန်ပူပြင်းသော နွေရာသီ အချိန်အခါဖြစ်၍  ပြည်သူများ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ အဝင်အထွက် စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာစျေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၅−၁၃၈၆ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း နှစ်သစ်အကြိုအတာသင်္ကြန်အိုးများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မတ်လ(၁၀)ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ် စုပေါင်းရုံ OSS ခန်းမတွင် ကျင်းပပြုလုပ်သည်။