မိုင်းယောင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း  ဧပြီ  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များဖြစ်စေရန် ဟောပြောပွဲနှင့်ပတ်သက်၍ ပြောကြားပြီး ဗလငါးတန်ဟူသည် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလကို ဆိုလိုကြောင်း၊ ကာယဗလမှာ ကိုယ်၏စွမ်းအား၊ ဉာဏဗလမှာ ဉာဏ်၏စွမ်းအား၊ မိတ္တဗလမှာ မိတ်ဆွေကောင်းရှိသော စွမ်းအား၊ ဘောဂဗလမှာ ဥစ္စာပေါများခြင်း၏ စွမ်းအားဖြစ်၍ စာရိတ္တဗလမှာ ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်သော စွမ်းအားဖြစ်ကြောင်း လူငယ်မောင်မယ်များ ဗလငါးတန်ပြည့်ဝရေးအကြောင်းနှင့် လူငယ်နှင့်အားကစားအကြောင်းများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက မဖြစ်မနေ ပြုစုပျိုးထောင်ကြရမည့် နိုင်ငံ့အနာဂတ်အတွက် အညွန့်အဖူးများအကြောင်း၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူငယ်ရေးရာဆိုင်ရာ စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)