မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ စတုဒိသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မုံရွာ ဧပြီ ၁၂

၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာတွင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် အပါအဝင် နိုင်ငံကျော်အနုပညာရှင် (၁၉) ဦးနှင့် သင်္ကြန်ယိမ်းအကများ၊ တပင်တိုင်အကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေမှုတို့အား သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီးထံမှ သိရ သည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၌ နေ့စဉ်နိုင်ငံကျော် ရုပ်ရှင်မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 "ဒီနှစ်သင်္ကြန်မှာ အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဟိုမဏ္ဍပ်အပါအဝင် ရေကစား မဏ္ဍပ်အသီးသီးမှာ ခေတ်ပေါ်တေးဂီတများ၊ သင်္ကြန်သီချင်းများ၊ သင်္ကြန်ယိမ်းအကများ၊ တပင် တိုင်အကများဖြင့် ဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာမဏ္ဍပ်များတွင် ထမင်းနှင့်စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေး သွားမှာဖြစ်ပြီး စိတ်ကြည်နူးလန်းဆန်းစေရေးကို အစဥ်ရှေးရှုပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ကန်သာယာဘေး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဗဟိုမဏ္ဍပ်ရဲ့ ဘေးဝဲယာမှာ ဆောင်ရွက် ထားရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၃၈-ခုနှစ်၊ ၂၀၂ ခုနှစ်၊ မုံရွာမြို့ ကန်သာယာမှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင် စီစဉ် ဆောင်ရွက်ထားရှိတာဖြစ်လို့ လာရောက်ဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ်" ဟု ၁၃၈ ခုနှစ်၊ ၂၀၂ ခုနှစ်၊ မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

၂၀၂ ခုနှစ် (၁၃၈ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာတွင် အလျား(၉၀)ပေ၊ အနံ(၃၀)ပေရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနများမှ ရေကစား မဏ္ဍပ်()ခု ပွဲကြည့်စင်များ၊ စတုဒိသာမဏ္ဍပ်များ တည်ဆောက်လျက်ရှိပြီး ဖျော်ဖြေရေး ယိမ်းအဖွဲ့များဖြင့်လည်း ရေကစားမဏ္ဍပ်အသီးသီးတွင် အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)