အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင် ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အလှူရှင်များက ငွေကျပ် သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။
Apr 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန် ကာလတွင် အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့်  ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
Apr 10,2024
နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလယ်ကျောင်းတိုက် သီရိအောင်လှိုင် ဓမ္မဗိမာန်၌  ယမန်နေ့နံနက် ၉ နာရီက ၂၀၂၃ ခုနှစ်တွင် ကျင်းပသော ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠဘွဲ့နှင်းသဘင် အောင် လက်မှတ် ကပ်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Apr 10,2024
မွန်ပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငန်းတေးဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဝန်းထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ”၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှုရှင်များနှင့် ဖိတ်ကြား​ထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Apr 10,2024
နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။