ညောင်တုန်း ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း (၆၁)ခုဖွင့်လှစ်၍ နည်းဆရာ (၆၁)ဦးဖြင့် စာသင်သား (၉၁၅)ဦးကို စတင်သင်ကြားပို့ချလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ စာသင်ဝိုင်းများတွင် အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)