ဟုမ္မလင်းမြို့၌ ပါဠိပထမပြန် အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း  ဧပြီ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ပါဠိပထမ ပြန်အောင်လက်မှတ်ဆပ်ကပ်ပွဲနှင့် ဂုဏ်ပြုပူဇော်ပွဲဆူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ ပြီး၊ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာ တော်ထံမှ ငါးပါးသီလခံယူခြင်း၊ ပင့်သံဃာဆရာ​တော်(၅)ပါးနှင့် စာအောင်သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ခြင်းနှင့် ပါဠိပထမပြန်စာအောင်(၂၆)ပါးအား တာဝန်ရှိသူများကအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ကြပြီး၊ ဆရာတော်က အနုမော ဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)