မော်လိုက် ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဉပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ ၇ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် စပ်လျဉ်းပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ် ခြင်း၊ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)