စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ကျင်းပ

စစ်ကိုင်း ဧပြီ ၉

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ရှင်းလင်းပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများကြောင့် ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန် မိမိတို့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ဒေသအတွင်းရှိ ပြည်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ အသိပေး ရှင်းလင်းပေးရမှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးက “ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ”၊ “ပြည်သူ့စစ်မှုထမ်းရန် ကာလ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံးစမ်းမေးမြန်းနိုင်ကြောင်း”၊ “အမျိုးသားရေးတာဝန်” စိုးရိမ်ရန်မလိုသည့် အချက်များ”၊ “ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ် ချက်”၊ “ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ”၊ “ဘာကြောင့်ပြည်သူ့ စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ”၊ “ကင်းလွတ်ခွင့်၊ လျှော့ပေ့ါခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ” (ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်)မှ ဖြစ်ရမယ့်တာဝန်တို့အား အသေးစိတ်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်