Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်း ၁၇ ဝိုင်းစတင်ဖွင့်လှစ်သင်ကြား
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာနယ်မြေများအလိုက် စာသင်ဝိုင်း ၁၇ ဝိုင်းကို ယနေ့ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းဖွင့်လှစ်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် နိုင်ငံသူနိုင်ငံသားများ ပညာရယူရန်ကိရိယာဖြစ်သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် နမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မြောက်နှုန်း တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ” သုံးလုံးသင်တန်းကို အဆိုပါကျောင်းသုံးထပ်ဆောင်ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲကျင်းပ
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏(၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ အခမ်းအနားကျင်းပ
Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ သာသနာပြုကျောင်း၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ (၁၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက နေ့ဆွမ်းနှင့်အချိ…
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ရှောလီဝိုင်းရပ်ကွက်၊ မဟာမုနိဘုရားဝန်းအတွင်း၊ ရတနာမဥ္ဇူဓမ္မာရုံ၌ မတ်လ (၂၈) ရက်နေ့မှ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက စာမေးပွဲဖြေဆိုနေကြသည့် ရဟန်းသံဃာတော်/ သာမဏေများ၊ သီလရှင်များ၊ စာမေးပွဲကြီးကြပ်ဆရာ တော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေ့ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5289
Page
5290
Page
5291
Page
5292
Current page
5293
Page
5294
Page
5295
Page
5296
Page
5297
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department