စဉ့်ကူးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

စဉ့်ကူး ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စဉ့်ကူးမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ​တော်ဦးဝရသာမိက သြဝါဒရေစက်ချတရား ချီးမြှင့်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အခမ်းအနားမှူးက စာအောင်သံဃာများအား လှူဒါန်းသည့် အလှူရှင်များစာရင်းကို ဖတ်ကြားလျှောက်ထားသည်။

ဆက်လက်၍ ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမလတ်တန်း အောင်မြင်သူ သံဃာ(၂)ပါး၊ ပထမငယ်တန်း အောင်မြင်သည့် သံဃာ(၆)ပါးနှင့် အခြေပြုမူလတန်းအောင်မြင်သည့် သံဃာ(၁၃) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမပြန် ကြီးကြပ်ဆရာတော်များအား ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။

ဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ၂၀၂၃ ခုနှစ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းစံရွှေ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)