Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များ ဖြန့်ဝေ
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ်လျော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေယျာသီရိဈေးအပြင်ဘက် ဥပုသ်ဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ငှက်ပျောဖက်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ပင်လယ်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလုပ်သားများလုပ်ငန်းခွင်အရည်အသွေးတိုးတက်မြှင့်မားလာစေရေးအတွက် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်ငါးဖမ်းရေယာဉ်ရေလုပ်သားများအား အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ဧပြီ (၈) ရက် နံနက် (၉) နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများဖြစ်သော အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ နွေရာသီသင်္ကြန်ကာလ နမ့်လွေချောင်းသောင်ပြင်နေရာ၌ လာရောက်လည်ပတ် ရေကစားအပန်းဖြေသူများဖြင့် နေ့စဉ်စည်ကား
Apr 08,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသင်္ကြန်ကာလတွင် အပူဒဏ်ကို သက်သာစေရန်အတွက် နမ့်လွေချောင်းသောင်ပြင်နေရာတွင် လာရောက်လည်ပတ် ရေကစားအပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဆင်းခြင်းနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုနည်း အခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်အသင်း (ရန်ကုန်) ၏ နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Apr 08,2024
မော်လမြိုင်အသင်း (ရန်ကုန်)၏ (၁၀၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဖက်မုဒ်ရှိ မော်လမြိုင်ဓမ္မာရုံ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦးနှင့် အသင်းသား၊ အသင်းသူများ၊ ကန်တော့ခံအဖိုးအဖွားများ၊ ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ပညာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဝတ်စုံများ အခမဲ့ထုတ်ပေး
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ် ဗလာစာအုပ်ဝတ်စုံများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ် သဲကောကျေးရွာအုပ်စု၌ သက်ကြီးပူဇော်ပွဲ ကျင်းပ
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သဲကောကျေးရွာအုပ်စုတွင် သက်ကြီးစောင့်ရှောက်ရေးအဖွဲ့မှကြီးမှူး၍ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ယနေ့နံနက်(၉)နာရီအချိန်တွင် သဲကောကျေးရွာအုပ်စု သီလှကုန်းကျေးရွာဓမ္မာရုံ၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5291
Page
5292
Page
5293
Page
5294
Current page
5295
Page
5296
Page
5297
Page
5298
Page
5299
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department