မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်း

မိုးကုတ် ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  ရှောလီဝိုင်းရပ်ကွက်၊ မဟာမုနိဘုရားဝန်းအတွင်း၊ ရတနာမဥ္ဇူဓမ္မာရုံ၌ မတ်လ (၂၈) ရက်နေ့မှ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက စာမေးပွဲဖြေဆိုနေကြသည့် ရဟန်းသံဃာတော်/ သာမဏေများ၊ သီလရှင်များ၊ စာမေးပွဲကြီးကြပ်ဆရာ တော်ကြီးများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေ့ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိူသို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက အစိုးရပါဠိပထမပြန် စာမေးပွဲ(တတိယနေ့) (ကြီး၊ လတ်၊ ငယ်၊ မူ) ဖြေဆိုတော်မူကြသည့် ရဟန်းသံဃာတော်/ သာမဏေ (၁၄၅) ပါးနှင့် သီလရှင်(၈)ပါး စုစုပေါင်း(၁၅၃)ပါးတို့အား နေ့ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)