အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအားလစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမ်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Apr 05,2024
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြီး ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသည့်  ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို  ဧပြီ ၃ ရက်က ကရင်ပြည်နယ်၊  မြဝတီမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏  သာသနာ့သုခကာရီ ဓမ္မဗိမာန်တော်၌ စတင်ကျင်းပသည်။
Apr 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းတောင်ကျေးရွာ အုတ်ဖိုလုပ်ငန်းတွင် သဘာဝမှ ထွက်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် လက်ရိုက်အုတ်များကို အရည်အသွေးကောင်းသဖြင့် ဝယ်လိုအားမြင့်ကာ စျေးကောင်းလည်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Apr 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၈)နာရီ အချိန်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်း (မြို့နယ်အဆင့်)အား စတင်ဖွင့်လှစ်ခဲ့သည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre) ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်းတွင် သင်တန်းသား/သင်တန်းသူများအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်း တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ထောက်ပံ့ပေးအပ်ခဲ့သည်။
Apr 05,2024
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဧပြီလ(၃)ရက်နေ့က ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းစံပြကျေးရွာ အတွက် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ရေဖြူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။