ပဲခူး ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများ အနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာတွင် မှန်ကန်တိကျသော ရုံးလုပ်ငန်းများဖြင့် အထောက်အကူပြု ဆောင်ရွက်နိုင်မှသာ အကောင်းဆုံး၊ အထိရောက်ဆုံး အကျိုးတရားများနှင့် အချိန်မီပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာအထားသို၊ စာမှတ်ပုံတင်ပုံ၊ စာရေးပုံရေးနည်းများ နည်းစနစ်ကျမှသာ ပိုမိုထိရောက် အောင်မြင်မှာဖြစ်ကြောင်း၊ သတ်မှတ်နည်းစနစ်များနှင့်အညီ ပုံစံကျနစွာ ရေးသားဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ခရိုင်အတွင်းရှိ ဝန်ထမ်း(၂၅)ဦးအား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ နည်းပြဆရာ၊ ဆရာမများ၊ ပဲခူးခရိုင်စာရင်းစစ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့် ဌာနအတွင်းရှိ တိုင်းဒေသကြီးညွန်ကြားရေးမှူးနှင့် အရာထမ်းဝန်ထမ်း(၄)ဦးက ဧပြီလ(၄) ရက်နေ့မှ (၆)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)