အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးကျောင်းတို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် Smart Village စီမံကိန်း၏ လုပ်ငန်းများနှင့်ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုတော်မူကြသည့် စာဖြေသံဃာတော်များအား လှူဖွယ်ဝတ္တုများကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ် မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်‌မေသန်း၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်က တပ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင်ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းမြို့နယ်အဆင့် (ဆင့်ပွား) နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၉) နာရီအချိန်ကတေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ်တပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ လ ၅ ရက်နေ့ နံနက် ၉ နာရီ က စစ်ကိုင်းတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Never Stop Learning Campaing(2024) စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန တွင် ရန်ကုန်ဘဆွေ ရေးသားထားသည့်  သေသော်မတည့် ‌ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။