ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနက ကြီးမှူး၍ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ် မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်‌မေသန်း၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက အခြေခံစာတက်မြောက်ရေး လုပ်ငန်းစဥ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 ဆက်လက်၍ အခြေခံစာတက်မြောက်ရေးလုပ်ငန်းအတွက် ထောက်ပံ့ငွေအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်ကပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက လက်ခံရယူခဲ့သည်။ ထို့နောက် အ.ထ.က ကန်ရွာကျောင်းအုပ်ဆရာမကြီးက အခြေခံစာတက်မြောက်ရေးသင်တန်း နှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းအား “အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ် မြောက်စေရန်”ရည်ရွယ်၍ နည်းပြသင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သင်ကြားပို့ချသူနည်းပြ (၉)ဦး၊ ဆရာ/ဆရာမ (၄၉) ဦး၊ စေတနာလုပ် အားပေး (၁၈)ဦးနှင့် ကြီးကြပ်(၅)တို့ဖြင့် သင်တန်းကာလအား ဧပြီလ (၅)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)