အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Apr 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဧပြီလ(၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ မွန်းလွဲ(၂:၀၀)နာရီအချိန်အထိ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက (၁) ကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင်ကျင်းပခဲ့သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် (၉)နာရီခွဲခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီ ခန်းမ၌ ကျင်းပခဲ့သည်။
Apr 05,2024
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူအားလုံး အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တွင် တက်ရောက်ခဲ့သော ဆရာ၊ ဆရာမများနှင့် မြို့နယ်အတွင်းပြန်လည်သင်ကြားမည့် ဆရာ၊ ဆရာမများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 05,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များစာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန် ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်သည်။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။