တွန်းဇံမြို့လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

တွန်းဇံ ဧပြီ ၅

ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များစာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန် ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် စာရေးသူ ဒေါက်တာခင်စန်းမော်ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်မှ "ဘဝလှေကားထစ်များ" ခေါင်းစဉ်ကို မညောင်ရှင်းကွပ် Grade -11 က ဖတ်ကြားဆွေးနွေးပြီးနောက် မောင်ကပ်မွမ်းထန် Grade-9 က "စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း" ခေါင်းစဉ်ဖြင့်ဆွေးနွေးကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာပေချစ်မြတ်နိုးသူများက မိမိတို့ဘဝကိုမြှင့်တင်နိုင်ဖို့စာဖတ်သည့် အလေ့အကျင့်ကိုမွေးမြူပြီး မိမိတို့၏ဘဝအတွက် အစဉ်အမြဲလေ့လာသင်ယူသင့်ကြောင်းကို အချင်းချင်းဖလှယ်၍ အပြန်အလှန်ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ် (ပြန်/ဆက်)