ကျိုက်လတ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ် မြောက်ရေး လုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျိုက်လတ်  ဧပြီ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက် (၉)နာရီခွဲခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီ ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ် အခြေခံစာတတ်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဦးက စာသင်သားပြည်သူများ လူမှုဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အသိပညာပေးဆွေးနွေးခဲ့ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်က ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝနေထိုင်ရေးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် အခြေခံစာတတ်မြောက်ရေးသင်တန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူးဆရာကြီး ဦးထင်အောင်ကျော်က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးထင်အောင်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကြမည့် အခြေခံပညာဆရာ၊ ဆရာမ (၃၁)ဦး၊ ကြီးကြပ်(၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ် ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်