မုံရွာ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အကျယ်တဝင့်ချပြရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး၊ မိသားစုဝင် ၂၀ဦးနှင့်မိတ်ဖက် အဖွဲ့အစည်း များမှ ၂၀ ဦး စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)