မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဘောလုံး၊ ကာရာတေ၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ် အကများဖြင့် သရုပ်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါနွေရာသီ အခြေခံအားကစားသင်တန်းအား မတ်လ (၅)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတက်ရောက်သူ ဘောလုံးအားကစားနည်းတွင်( ၅၀) ဦး၊ ကာရာတေအားကစားနည်းတွင် (၆၀) ဦး၊ လက်ဝှေ့အားကစားနည်းတွင်(၄၀)ဦး၊ စားပွဲတင်တင်းနစ်အားကစားနည်းတွင် (၁၀) ဦး၊ အေရိုးဗစ်အားကစားနည်းတွင်(၂၀) ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၈၀) ဦးတက်ရောက်ခဲ့ပြီး၊ အဆိုပါ အားကစားနည်းများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာများအား တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)