သာကေတမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပဆောင်ရွက်

သာကေတ ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဧပြီလ(၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ မွန်းလွဲ(၂:၀၀)နာရီအချိန်အထိ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့သည်။

အဆိုပါပြပွဲ၊ ပြိုင်ပွဲ၌ နွေရာသီကျောင်းပိတ်ရက်ကာလအခြေခံ ပန်းချီရေးဆွဲနည်း၊ ကဗျာစပ်နည်းသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆန်းစစ်ချက်ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကျင်းပခဲ့ရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ယှဥ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လူငယ်ရေးရာအသိပညာပေးဆိုင်ရာများဟောပြောခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားများကပြသထား သောအသိပညာပေးစာအုပ်၊ စာစောင်၊ နံရံကပ်စာစောင်များ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ပန်းချီ၊ ကဗျာ(အခမဲ့)သင်တန်းဆန်းစစ်ချက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဧပြီလ(၅)ရက်နေ့တွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)