အိမ်မဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက (၁) ကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသည့် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲ နာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြိုနယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြောင်းမြခရိုင်ကုသရေးဦးစီးဌာန ဒုခရိုင်မှူး ဒေါက်တာမျိုးကျော်အောင်တို့က အမှာစကားများကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေ ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို လည်ကောင်းအသီးသီးအကျယ်တဝင့်ပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းကို အထက (၁) ကျောင်းတွင် သင်တန်းနည်းပြ (၇) ဦးက သင်တန်းသား/သူ (၅၀)ဦးကို ယနေ့မှ စ၍ (၃)ရက်ကြာသင်ကြားသွားမည်ဖြစ်ကြာင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေဖြင့် ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းများကို အထကခွဲ တကော၊ အထက (၂)၊ အထက ရွာသစ်ကျောင်းတို့တွင် ဆက်လက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)