အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။
Apr 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့လူရည်ချွန်များ လာရောက်လေ့လာလည်ပတ်ရာတွင် အဆင်ပြေမှုရှိစေရေးအတွက် လေ့လာရေးလာရောက်မည့်နေရာများသို့ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Apr 25,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းတွင် ဆဌမအကြိမ်မြောက် နွေရာသီဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2024
မြို့နယ်ကြက်ခြေနီအသင်း၊ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် ဓါတ်ပေါင်းစုလူမှုကူညီရေအသင်းတို့ ပူးပါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်း၊ ၈၆×၈၇ လမ်းကြားရှိ ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းရုံးအရှေ့၊ DENKO စက်သုံးဆီရောင်းဆိုင်နှင့် ၈၆ လမ်း၊ ၁၄ လမ်းတို့တွင် ယနေ့နံနက် ရှစ်နာရီက စုပေါင်းဆောင်ရွက်ကြသည်။
Apr 25,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ ဘာသာရေးအသင်းအဖွဲ့အသီးသီး၏ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီ တိမ်း‌ရှောင်ပြည်သူများ မိုးမကျမီဆောလျင်စွာ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး တာဝန် ရှိသူများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်တွင် သစ်ပင် လဲကျခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။
Apr 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ “ဗန္ဓုလဈေး” ဈေးရုံသစ်များ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဈေးသစ်သစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းချသူများ တက်ရောက်ကြသည်။