ပုသိမ် ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့လူရည်ချွန်များ လာရောက်လေ့လာလည်ပတ်ရာတွင် အဆင်ပြေမှုရှိစေရေးအတွက် လေ့လာရေးလာရောက်မည့်နေရာများသို့ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင် သောအဖွဲ့သည် လူရည်ချွန်များအလည်ပတ်လာရောက်မည့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်း၊ ရွှေမြင်းပုသိမ်ဟာလဝါလုပ်ငန်း၊ ရွှေစာပုသိမ်ထီးလုပ်ငန်းတို့အား ကြိုတင်သွားရောက် ကြည့်ရှု၍ ပြင်ဆင်ရေးလုပ်ငန်းများ၊ ကြိုဆိုရေးဗီနိုင်းများ၊ ပန်းဖလက်များ၊ ကျွေးမွေးဧည့်ခံခြင်းနှင့်လက်ဆောင် ပစ္စည်းပေးအပ်ခြင်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး လမ်းညွှန်မှာကြားချက်များအား လုပ်ငန်းတာဝန်ခံများသို့ ရှင်းလင်းပြောကြားခြင်းများဆောင်ရွက်၍ လှည့်လည်ပြသမည့် နေရာများအား ကြိုတင်ကြည့်ရှုကာ လူဦးရေဝင်ဆံ့မည့် အနေ အထားနှင့် အတိုင်းအတာများအား ပြင်ဆင်နိုင်ရေးမှာကြားခဲ့ကြကြောင်း သိရသည်။
မြင့်ဟန် (ပြန်/ဆက်)