နွေရာသီ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေး ဧပြီ ၂၅

မြို့နယ်ကြက်ခြေနီအသင်း၊ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် ဓါတ်ပေါင်းစုလူမှုကူညီရေအသင်းတို့ ပူးပါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်း၊ ၈၆×၈၇ လမ်းကြားရှိ ဓါတ်ပေါင်းစုလူမှုကူညီရေးအသင်းရုံးအရှေ့၊ DENKO စက်သုံးဆီရောင်းဆိုင်နှင့် ၈၆ လမ်း၊ ၁၄ လမ်းတို့တွင် ယနေ့နံနက် ရှစ်နာရီက စုပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ အပူဒါဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဒေါ်အေးမမနှင့် အသင်းအမှု့ဆောင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဓါတ်ပေါင်းစုလူမှုကူညီရေအသင်းဥက္ကဋ္ဌ ဦးကျော်တင့်နှင့် အသင်းဝင်များ စုစုပေါင်း ၃၀ ဦးခန့်တို့ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ထုတ်ပြန်ထားခြင်းဖြစ်သည့် "နွေရာသီကာလများ၏ အပူလှိုင်းဒဏ်နှင့် သင်၏ကျန်းမာရေးအခြေအနေအတွက်ဆောင်ရွက်ချက်"များပါ အသိပညာပေး လက်ကမ်းစာစောင်အရွက်ရေ ၁၅၀၀ ရွက်ကို ဝေငှပေးကြကြောင်း သိရသည်။

ယခုအချိန် နွေရာသီကာလအပူဒဏ်ကြောင့် ပြည်သူများ ရောဂါမခံစားရလေအောင် ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်ကို ဝေငှဆောင်ရွက်နိုင်ရန် ဓါတ်ပေါင်းစု လူမှုကူညီရေးအသင်းမှ ကမကထပြုပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)