မလှိုင် ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်တွင် သစ်ပင် လဲကျခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ (၃)နာရီခွဲအချိန်တွင် ပန်းအိုင်ကျေးရွာအုပ်စု၊ ကံဦးကျေးရွာနေ ဒေါ်ပေါကြည် အသက် (၆၄)နှစ်အဘ ဦးကုလား၏ သွပ်မိုး၊ ထရံကာ(၄ ပင် × ၃ ပင်)ပတ်လည် တစ်ထပ်နေအိမ်ပေါ်သို့ အနီးရှိ ယင်းမာပင်ကျိုးကျခဲ့သဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အခြားလူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)