Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်္ဂလာဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် Seeder စနစ်ဖြင့် အစားထိုး စိုက်ပျိုးပေးနိုင်ရန် တောင်သူများအား အသိပညာပေးရှင်းလင်း
Apr 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) မိုးစပါးရာသီတွင် လမ်းဘေးဝဲ/ယာမှ ကြဲခင်းနေရာများတွင် Seeder (စပါးမျိုးစေ့တိုက်ရိုက်ချကိရိယာ)စနစ်ဖြင့် အစားထိုးစိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများအား အသိပညာပေးရှင်းလင်းခြင်းကို အဆိုပါရုံး၌ ဧပြီလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကျင်းပ
Apr 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက် (၅) နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄)”ကို ယနေ့နံနက် (၉)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောဒေသထွက် ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိ
Apr 28,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ယိုးဒယားကြက်မောက်သီးမျိုးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိရန် ခြံရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Apr 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကညင်ချောင်းကျေးရွာ မြစိမ်းရောင်တောင်တော်သာသနာ့ နယ်မြေ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် အဖွဲ့က ကြီးမှူး၍ ကျန်းမာရေး မြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခကျရောက် နေသူများကို ကူညီပေးနိုင်ရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၄) ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Apr 28,2024
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ဧပြီလ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြို…
Apr 28,2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Apr 28,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဉီးများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီးဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ် ဒေသထွက် မင်းဂွတ်သီးများ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိ
Apr 28,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများ အဓိက စိုက်ပျိုး၍ အသက်မွေးဝမ်းပြုသူများ အများဆုံးရှိသည့် မြို့နယ်ဖြစ်ရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်၌ပင် စျေးကောင်းရရှိ၍ မင်းဂွတ်သီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5160
Page
5161
Page
5162
Page
5163
Current page
5164
Page
5165
Page
5166
Page
5167
Page
5168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department