အမြို့မြို့အနယ်နယ်သတင်းများ

Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃ ခုနှစ်အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ၆ လအတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Apr 04,2024
ချင်းပြည်နယ်တွန်းဇံမြို့တွင် မတ်လ(၂၉)ရက်နေ့က မီးဘေးသင့်ခဲ့သော ဦးဟောက်ရှင်းဆူမ်းမိသားစုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းကို ယာယီ‌ပြောင်းရွှေ့နေထိုင်သည့် ခေါ်လို/ဂိုးဇန်ရပ်ကွက်နေအိမ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ပေးအပ်ခဲ့သည်။
Apr 04,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ ၃ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်​မြို့ ကျောက်စိမ်းတွင်းသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။
Apr 04,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဧပြီ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 04,2024
ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော်တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုးသယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ် နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲကြီးအား  ယမန်နေ့နေ့လယ်(၁၂)နာရီက စတင်၍ မင်္ဂလာကံကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင် စတင်ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။