မောက်မယ် ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃ ခုနှစ်အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ၆ လအတွက် ဝန်ထမ်းများမှစုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်အတွင်းရှိ ငွေလမင်းဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများဝန်ထမ်းပေါင်း ၃၈၉ ဦးအတွက် စုဆောင်းငွေအတိုး ၁၀၃၃၇၈၀၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)