ဓနုဖြူ ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဟိန်းထက်ဇော်တို့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားနာယူပွဲများကို ရပ်ကွက်၊ ကျေးရွာများအလိုက် အစဉ်အလာမပျက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သင်္ကြန်ပွဲတော်ရက်များတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဆင်နွှဲသွားမည် ဖြစ်ပါကြောင်း၊ ရေပက်ခံလာရောက်သူများအား ဌာနဆိုင်ရာများမှ သင်္ကြန်ပွဲတော်ရက်အတွင်း သတ်မှတ်နေ့ရက်အလိုက် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိဖြင့် မြန်မာရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပပေးနိုင်ရန်အတွက် စနစ်တကျလုံခြုံရေးဆောင်ရွက်သွားရန်၊ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ပါဝင်သောကော်မတီအဖွဲ့အလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)