ဇလွန်မြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဇလွန် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆိုရာတွင် ပထမကြီးတန်း ဖြေဆိုသံဃာ(၄)ပါး ၊ ပထမလတ်တန်း ဖြေဆိုသံဃာ(၁၅)ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ (၃၀)ပါး၊ အခြေပြုမူလတန်းဖြေဆိုသံဃာ(၆၀)ပါး စုစုပေါင်း စာဖြေသံဃာ(၁၀၉)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းစာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန် / ဆက်)