တွန်းဇံမြို့၌ မီးဘေးသင့်မိသားစုအား ဌာနဆိုင်ရာများ၏ ထောက်ပံ့လှူဒါန်းငွေပေးအပ်

တွန်းဇံ ဧပြီ ၄

ချင်းပြည်နယ်တွန်းဇံမြို့တွင် မတ်လ(၂၉)ရက်နေ့က မီးဘေးသင့်ခဲ့သော ဦးဟောက်ရှင်းဆူမ်းမိသားစုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းကို ယာယီ‌ပြောင်းရွှေ့နေထိုင်သည့် ခေါ်လို/ဂိုးဇန်ရပ်ကွက်နေအိမ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အားပေးနှစ်သိမ့်စကား ပြောကြားပြီးတွန်းဇံမြို့နယ် ဌာနဆိုင်ရာများ၏ ထောက်ပံ့အလှူငွေ ကျပ်တစ်ဆယ့်တစ်သိန်းငါးထောင်တိတိ/-ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ ဦးဟောက်ရှင်းဆူမ်းက ကျေးဇူးတင်စကား ပြန်လည်ပြာကြားခဲ့သည်။

အဆိုပါ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ဗိုလ်မှူးအောင်မျိုးသူ၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးအေးလွင်၊ မြို့နယ်ရဲမှူး‌(ခေတ္တ) ဒုရဲမှူးလှိုင်ထွေး၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်၊ မြို့နယ်ဘဏ်မန်နေဂျာ ဦးဂိုးရှင်းမုန်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးနိုင်းခေါဂေ၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဆောက်တို့က သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)