ဖားကန့် မတ် ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ ၃ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်မြို့ ကျောက်စိမ်းတွင်းသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပကြောင်း သိရသည်။
၂၀၂၄ခုနှစ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းသွင်း(၁၅၃)ပါးဖြစ်ပြီး ဖြေဆို(၁၂၈)ပါးနှင့် ပျက်ကွက်(၂၅)ပါးရှိပြီး စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းဘာသာရပ်တို့ကို ဧပြီလ(၃)ရက်မှ (၉)ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရာတွင် မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ ရပ်ကွက်များမှ ဂေါပက အဖွဲ့ဝင်များနှင့်အလှူရှင်၊ စေတနာရှင်များ တက်ရောက်ကြသည်။
အဆိုပါ စာမေးပွဲကျင်းပရာသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ စာမေးပွဲဖြေဆိုကြမည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များကိုနေ့စဉ် အလှူရှင်များမှ လှူဒါန်းသည့် နေ့ဆွမ်းများ ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)