မင်းလှမြို့၌ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ဖွဲ့စည်းပေးထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်၊ သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ရပ်ကွက်အသီးသီးမှ အကအလှယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေနိုင်ရေး၊ ရေကစားကြရန်၊ ရေရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားနာယူရန်နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောပြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)