အမြို့မြို့အနယ်နယ်သတင်းများ

Apr 04,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက   ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုကိူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် လေယာဥ်ကွင်းပြေးလမ်းနှင့်ပတ်သက်၍ ဗိုလ်မှူးသိန်းလွင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်လေယာဥ်ကွင်း ခြံစည်းရိုးကာရံထားမှုတို့ကို ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဥ်ကွင်းပြေးလမ်းနှင့် အုတ်တံတိုင်းကာရံထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ အသင်းဝင်ကဒ်နှင့် ရင်ထိုးတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။
Apr 04,2024
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းကျေးရွာများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာနှင့် ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Apr 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အပူဒဏ်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များအတွင်းနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Apr 04,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အရာတော်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ငါးလုံး၊ ဈေးဆိုင်တဲသုံးလုံးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Apr 04,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ အချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
Apr 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။