အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် ယနေ့နံနက်(၃) နာရီ (၂) မိနစ်အချိန်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့သည်။
Apr 03,2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ပါဠိပထမပြန် စာမေးပွဲတော်ကြီးအား ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ယနေ့ မွန်းတည့် (၁၂)နာရီအချိန်မှ စတင်ကျင်းပသည်။
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့ စတင်ကျင်းပခဲ့သည်။
Apr 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြို၊ မိုးနှောင်းကာလများတွင် ချည်မျှင်ရှည်ဝါများတိုးချဲ့၍ လျာထားစိုက်ပျိုးလျက်ရှိရာ မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၀၇၆၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
Apr 03,2024
ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Apr 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသမှထွက်ရှိသည် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းတို့အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
Apr 03,2024
မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။