အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍၊မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၀)ကြိမ်မြောက် ချေးငွေပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဂုံမင်းလျှိုကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ ညနေ (၃) နာရီခန့်က မော်လမြိုင်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မေတ္တာညွန့်ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း    (Book Club )နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ စာရေးဆရာ စောမုံညင်း (စည်သူဒေါ်ရင်ရင်)  ရေးသားသည့် " မြတ်နိုးစရာ မြန်မာ့ရိုးရာများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Apr 06,2024
 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းပြီး “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ နိုင်ငံသားဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်သော ဝန်ထမ်းများသည်  ယမန်နေ့နေ့လယ်ပိုင်းက  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံ သားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ဧပြီလ(၄)ရက်နေ့ နံနက် ၇နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  နွေရာသီအခြေခံအားကစားသင် တန်းများဖြစ်သည့် (ဟော်ကီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ဝူရှူး၊ အ​ခြေခံဘောလုံးသင်တန်း) အားကစားသင်တန်းဆင်းပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုး၀င်း၊ မြို့နယ်အားကစားနှင့် ကာယပညာဆပ်ကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် (၈) နာရီမှစ၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိသည်။
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။