စဉ့်ကိုင် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ စာရေးဆရာ စောမုံညင်း (စည်သူဒေါ်ရင်ရင်) ရေးသားသည့် " မြတ်နိုးစရာ မြန်မာ့ရိုးရာများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက “အထိန်းကောင်းသော မိဘများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်)က “အုန်းမောင်း ခေါက်သည့်ဓလေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများအဖွဲ့ ဦးသန်းဌေးက “စေတီအပါးတည်ထားပြုလုပ်ခြင်္သေ့ရုပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးထွန်းမြင့်၊ ဦးကိုကိုညွှန့် (နေရဲသွေး လယ်တွင်းမြေစဉ့်ကိုင်)၊ “နတ်လူချစ်ဆေး ရှူတိုင်းမွှေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို အသီးသီး ပါ၀င်ဆွေးနွေးခဲ့ကြကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)