အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
ပူပြင်းခြောက်သွေ့သောနွေရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း နေရာအနှံ့အပြား၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်းများ၊ စစ်ဆေးကြတ်မတ်မှုလုပ်ငန်းများအား အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ(၅)ရက် နေ့လယ်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံ စာတတ်မြောက်ရေးနည်းပြသင်တန်း တက်ရောက်နေကြသော ဆရာ/မများအားလည်းကောင်း၊ ညနေ(၃)နာရီ အချိန်၌ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၌လည်းကောင်း မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
Apr 06,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းဦးကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
Apr 06,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၄) ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ပုန်ခုန်းရပ်ကွက်ရှိ ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မတည်ငြိမ်မှုများကြောင့် မြို့နယ်အသီးသီးတွင် ယာယီနေရပ်စွန့်ခွာသူများက ဘာသာရေးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလုံလျက်ရှိရာ အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအလယ်ပိုင်းရှိ မာန်အောင်ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Apr 06,2024
၂၀၂၄ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြိုနယ်ရှိ ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားကွင်းခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်ခရိုင်အသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ဘော်လီဘောဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Apr 06,2024
မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်း ပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
Apr 06,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ်-၇၁၃/၁၊ ဦးပိုင်(၃၂/၇)ရှိ စိုက်ဧက(၅)ဧကတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။