ချောက် ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်ချောက်မြို့နယ်တွင် ဗိဿနိုးဒေသရှိ ရွှေရောင်တော်ဘုရား၌ ကျင်းပပြုလုပ်သည့် ရှင်အပါး(၅၀၀၀)ရှင်ပြု အလှူတော်မင်္ဂလာမှ ပြန်လည်ရောက်ရှိလာသည့် ချောက်မြို့မှ ရှင်သာမဏေ ရှင်အပါး(၂၅၀)အား ယနေ့နံနက်ပိုင်းတွင် အေးစေတီဘုရားကုန်းနှင့် စလင်းကျောင်းတိုက်တို့တွင် ဝေပုလ္လအာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်သာမဏေရှင်အပါး(၂၅၀)အား စလင်းကျောင်းတိုက်တွင်ထားရှိပြီး ဧပြီ ၉ ရက်၊ ၁၀ ရက်နေ့များအထိ ဝေပုလ္လအာရုဏ်ဆွမ်း၊နေ့ဆွမ်း ဆက်ကပ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆရာတော် ၅ ပါးဖြင့် ယဥ်ကျေးလိမ္မာသင်တန်းလည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)