တာချီလိတ်မြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အိမ်ခြံမြေအခြေခံပညာသင်တန်းဖွင့်လှစ်

တာချီလိတ် ဧပြီ ၈

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကြီးမှုးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အိမ်ခြံမြေအခြေခံပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက် Happy Restaurant တွင် ယနေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင်၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းနာယက ဦးစံသိန်းက သင်တန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေးကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာများအား အိမ်ခြံမြေအကျိုးဆောင်များ သိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးဝင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်း နှင့် စပ်လျဉ်း၍  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သင်တန်းတွင် ငွေကြေးခဝါးချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများနှင့် အိမ်ခြံမြေလုပ်ထုံးလုပ်နည်းများ၊ ဥပဒေရေးရာသိကောင်းစရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကို တာချီလိတ်ခရိုင်တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် အတွင်းရှိ အိမ်ခြံမြေဝန်ဆောင်မှုအသင်းများ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)