ကန်ကြီးထောင့်မြို့နယ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပူ‌ဇော်ပွဲကျင်းပ

ကန်ကြီးထောင့် ဧပြီ ၈

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္တုငွေများ လောင်းလှူပူဇော်ပွဲအား ယမန်နေ့ နံနက် (၈)နာရီအချိန်က အမှတ် (၁)ရပ်ကွက်၊ လောကမှန်ကူဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့လောင်းလှူပူဇော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေး‌ စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေး ရာအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်းများအသင်း၊ မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်(၂၂၆) ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများကို ဌာနအလိုက် စနစ်တကျလောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)