တပ်ကုန်း ဧပြီ ၈
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင် ဖြေဆိုတော်မူလျက်ရှိရာ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဗိုလ်မင်းရောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဘာသာပြန်ဘာသာရပ်အား ပထမလတ်တန်းစာရင်းရှိ ၃၀ ပါး၊ ဖြေဆို ၂၄ ပါး၊ ပျက်ကွက် ၆ ပါး၊ ပဋ္ဌာန်းကုသသလတိက်ဘာသာရပ်အား ပထမကြီးတန်းစာရင်းရှိ ၄၆ ပါး၊ ဖြေဆို ၃၅ပါး၊ ပျက်ကွက် ၁၁ ပါး၊ စုစုပေါင်းဖြေဆိုမှု ရာခိုင်နှုန်း ၇၇ ဒသမ ၆၃ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း သိရပြီး၊ ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
တင်စိုးလွင်