မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မုဒုံ ဧပြီ ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မာချိုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများအပေါ် လယ်ယာကဏ္ဍကြီးတွင် ၁၀၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၉၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၉၉ ဒသမ ၇ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု (GDP) တန်ဖိုးမှာ (၁၀၁ ဒသမ ၁) ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ရာ ရည်မှန်းချက်များ ပြည့်မီစွာဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ကဏ္ဍကြီး(၃)ခုဖြင့် ခြုံငုံဖော်ပြပြီး ကဏ္ဍပေါင်း(၁၃)ခုဖြင့် တွက်ချက်ရကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)