အမြို့မြို့အနယ်နယ်သတင်းများ

Apr 29,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာ၊ ကွင်းအမှတ် (၄၇၉) ကွင်း၊ ဦးပိုင်အမှတ် ၇/၂၊ တောင်သူ ဦးဝင်းစိုးမှ ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးသင့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့်နွေစပါး ရက်(၉၀)မျိုး တစ်ဆက်တည်း (၂၀)ဧက စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့‌ကြောင်း သိရသည်။
Apr 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 29,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊  လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ ဖာလာ၊ ကော်ဖီ၊ တညင်း၊ ရော်ဘာ စသော နှစ်ရှည်ပင်များကို အဓိက အားထားစိုက်ပျိုးကြရာ နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များ ဈေးနှုန်းကျဆင်းနေ၍ ကွမ်းသီးခြံပိုင်ရှင်များ ကွမ်းသီးဈေးနှုန်းပြန်လည်မြင့်တက်ရန် မျှော်လင့်နေကြောင်း သိရသည်။
Apr 29,2024
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ အလယ်ကျွန်းရပ်၊ တောကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒ (သာသနဓဇဓမ္မာစရိယ)အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကို ဧပြီ(၂၈)ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
Apr 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက် ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Veling Machine-MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ယနေ့နံနက် (၉)နာရီက (၂)လမ်း၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Apr 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေးအသိပညာ‌ပေးCampaign အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
Apr 29,2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှု (Heat Prevention Awareness Campaign) အနေဖြင့် အယ်နီညိုအကြောင်း သိကောင်းစရာများနှင့် ပတ်သက်သော သတင်းစကား လက်ကမ်းစာစောင်များကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ဈေးလေးမီးပွိုင့်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးတွင် ဖွင့်လှစ်ခဲ့သော မန္တလေးတိုင်းဒေသကြီး Facility Quarantine Center မှ Volunteer များနှင့် ပြင်ဦးလွင်မြို့ Green Challenge Association (GCA) အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Apr 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်မြောင်းချောင်ကန်များ ပေါများပြီး စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်ကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့်  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုရာသီ၌ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။