ကန့်ဘလူမြို့နယ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ​ပြိုင်ပွဲကျင်းပ

ကန့်ဘလူ ဧပြီ ၂၉

၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၆ ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ခေါင်းစဥ်ခုနှစ်ခုပေးထားပြီး မိမိကြိုက်နှစ်သက်ရာခေါင်းစဥ်ဖြင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာများ ရေးဆွဲယှဥ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲအပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၆ ရက်နေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးထွန်းထွန်းကျော်ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)