ကျောင်းကုန်း မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီ အချိန်စတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အခြေခံပညာကျောင်းပေါင်း (၁၉၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၁၉၆) ကျောင်းရှိသည်။ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဟု ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)