ကျေးသီး မေ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မြို့မဈေးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်ဦးစီးဌာန ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဒုဦးစီးမှူး ဦးသိန်းထိုက်ဦးက မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ အရေးပေါ်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအကြောင်းနှင့် စပ်လျဉ်းသည့် အသိပညာပေးအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအသုံးပြု၍ လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)