ဖျာပုံ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက်အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းဆောင်ရွက်ရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ ဦးစီးအရာရှိနော်ဆာဝါးကြည်နှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ် အ.ထ.က ကျောင်းများ၌ မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ကျောင်းစာသင်ခန်းများ၊ ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် ခြင်ဆေးဖြန်းဖြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်း ပညာပေးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း နေ့ရက်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)